ပါကစ္စတန်တွင် ခရီးသည်တင်ယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး လူ ၄၀ ကျော်သေဆုံး


(နိုင်ငံတကာ) နိုဝင်ဘာ ၂၂

ပါကစ္စတန်နိုင်ငံ Kurram လူမျိုးစုခရိုင်အတွင်း ဖြတ်သန်းခဲ့သည့် ခရီးသည်တင်ယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး လူ ၄၀ ကျော်သေဆုံးခဲ့ပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုသည် ခရီးသည်တင်ယာဉ်အနီး အစောင့်အရှောက်အဖြစ် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်များအား ဦးစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါဒေသတွင် လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများအား ရဲတပ်ဖွဲ့ဝင်များမှ ခရီးသွားယာဉ်တန်းများကို အကာအကွယ်ပေးနေရကြောင်းသိရသည်။

တိုက်ခိုက်ခံရသည့် ဒေသသည် အာဖဂန်နစ္စတန် နယ်စပ်အနီးတွင်ဖြစ်ပြီး မကြာခဏတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN