(ပြည်တွင်း) နိုဝင်ဘာလ ၂၂ ရက်
နေပြည်တော်အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တို့ရှိ Polytechnic University ဖွင့်ပွဲများကို နိုဝင်ဘာလ ၂၁ ရက်မှာ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်ရှိ Polytechnic University ကို နစကဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ နစကဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် လက်ရှိအချိန်မှာ နိုင်ငံတော်က အားထားရတဲ့ အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University နှင့် Polytechnic University ၇ ခု၊ နည်းပညာတက္ကသိုလ် ၂၇ ခု၊ ကွန်ပျူတာတက္ကသိုလ် ၁၉ ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ၁ ခု၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ၁ ခု၊ စုစုပေါင်းအင်ဂျင်နီယာ ပညာရပ်သင်ကြားပို့ချပေးတဲ့ တက္ကသိုလ် ၅၆ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ Naypyitaw State Polytechnic University နှင့်အတူ Polytechnic University ၅ ခုကို ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့မှာ ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး Polytechnic University များမှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ ပညာရပ်နှင့် အသုံးချ သိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင် တန်းများသာမက ဘွဲ့လွန်သင်တန်းများ အထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျတဲ့ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထူးအလေး ထား ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင်လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာ ကျွမ်းကျင်တတ်မြောက်တဲ့ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှုလုပ် ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရတဲ့ Real World Project များဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းနှင့်လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိနိုင်တဲ့ အခွင့်အလမ်းများ ဖန်တီးပေးခြင်းစတဲ့ ရည်ရွယ်ချက်များနဲ့ Polytechnic University များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews