(ပြည်တွင်း) နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၇၀ လမ်းထောင့်ရှိ Jefferson Center ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၅၁ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန့်မြို့အခြေစိုက် မြန်မာနိူင်ငံဆိုင်ရာ အမေရိကန်နိူင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံဖြစ်သူ Mrs. Susan Nan Stevenson ပါ ၄ ဦး၊ ယာယီစာကြည့်တိုက်မှုး ဦးနိူင်ထွန်းလင်း ပါ ဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား ၅၀ ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် သံရုံးယာယီတာဝန်ခံ Mrs. Susan Nan Stevenson မှ အဖွင့်အမှာစကား ပြောကြားရာတွင် Jefferson Center သည် ၂၀၂၀ ခုနှစ်၊ မတ်လတွင် ကိုဗစ် ၁၉ ရောဂါများ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ခေတ္တပိတ်ထားခဲ့ရာ ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘာသာသင်တန်းများအား ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၅၀၀၀ ကျော်ခန့်ထားရှိကြောင်း၊ စာကြည့်တိုက်အတွင်း စာအုပ်များအား မည်သူမဆို လာရောက်လေ့လာနိူင်ကြောင်း၊ ဆရာ၊ ဆရာမ၊ကျောင်းသား၊ ကျောင်းသူများ သင်ကြားရေးအတွက်လည်း လာရောက်လေ့လာနိူင်ကြောင်းနှင့် ပြည်ပနိုင်ငံများတွင် သွားရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း အထောက်အကူရရှိမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်အား အပတ်စဥ် ကြာသာပတေး/သောကြာနေ့များတွင် နံနက် ၀၉:၀၀မှ ၁၃:၀၀ အချိန်ထိ၊ စနေနေ့တွင် ၀၉:၀၀မှ ၁၆:၀၀ အချိန်ထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်အား ဝင်ရောက်လေ့လာရန်အတွက် Online စနစ်ဖြင့် မှတ်ပုံတင်၍ ဝင်ရောက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း ၊ ဖွင့်ပွဲအခမ်းအနားအပြီးတွင် Mrs. Susan Nan Stevenson သည် မော်တော်ယာဉ်အမှတ်၊ UN/1-41 Landcruiser(အဖြူရောင်)ဖြင့် အောင်မြေသာစံမြို့နယ်ရှိ Red Canal Hotel သို့ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ Jefferson Center တွင် ယာယီစာကြည့်တိုက်မှုးပါ ဝန်ထမ်း ကျား ၆ ဦး၊ လုံခြုံရေးဝန်ထမ်း ကျား ၇ ဦး၊ စုစုပေါင်း ဝန်ထမ်း ကျား ၁၃ ဦးရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews