(မှုခင်း) နိုဝင်ဘာ ၂၂
မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ကျေးရွာရှိ သိမ်ဆိပ် – ဝီယော်လမ်းဆုံ Denko ဆီဆိုင်အနီးတွင် ကျောင်းပို့ပြန်လာသည့် တပ်မတော်မော်တော်ယာဥ်တစ်စီး ပစ်ခတ်ခံရကြောင်း သိရသည်။
သိမ်ဆိပ် – ဝီယော်လမ်းဆုံရှိ Danko ဆီဆိုင်အနီးတွင် ကြိုတင်ရောက်ရှိနေသည့် ပရိုဘောက်အမျိုးအစားမော်တော်ယာဥ်ဟု ထင်ရသည့်ကားအတွင်းမှ လက်နက်ကိုင်များ ပြေးထွက်လာပြီး ကလေးငယ်များအား ကျောင်းပို့ပြီးပြန်လာသည့် မော်တော်ယာဥ်အား ချိန်ရွယ်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ပစ်ခတ်ချိန်တွင် မော်ယာဥ်မောင်းမှ မော်တော်ယာဥ်အားကျွမ်းကျင်စွာ တိမ်းရှောင်မောင်းနှင်နိုင်ခဲ့သည့်အတွက် ထိခိုက်မှုရှိသော်လည်း ကျဆုံးမှုမရှိကြောင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်သည်မှာ ဆေးကုသမှုခံယူနေကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
လုံခြုံရေးတစ်ချို့နဲ့ ယာဥ်မောင်းတချို့ကြားမှာ ယဥ်ကျေးတစ်ခုရှိတယ်လို့ပြောရမယ်။ ဘာလို့လည်းဆိုတော့ သူတို့ကနှုတ်ဆက်ကြတယ်။ ကားတွေလာတိုင်းနှုတ်ဆက်တယ်။ သူတို့မနှုတ်ဆက်ရင် ကားသမားတွေက သွားနှုတ်ဆက်ကြတာပဲ။ စစ်တာဆေးတာမရှိသလောက်ပဲ၊ လူမှုရေးကားဆိုလည်းလူမှုရေးကားမိ သွားပါ ၊ ပရိုဘောက်ထဲမှာ ယောကျာ်းလေးတွေပဲစီးလာရင်လည်း ဘယ်ကလာလဲ ဘယ်သွားမလဲ ဒီလောက်နဲ့ပြီးသွားတယ်။ တကယ်တော့ အဲ့ဒီထဲမှာပါလာကောင်းပါလာနိုင်မယ်၊ ဂိတ်တွေက ငွေရဖို့လောက်ပဲစဥ်းစားနေပြီး လုံခြုံရေးအားနည်းနေတာကြောင့် ခုလိုဖြစ်စဥ်ဖြစ်ရတာလို့မြင်တယ်” ဟု ခရီးသွားတစ်ဦးမှ PAN ကိုပြောဆိုထားသည်။
#PAN