ကော့ကရိတ်မြို့ပေါ်သို့ အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

(မှုခင်း) ဒီဇင်ဘာ၂၂

အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KNU/PDF များမှ ကော့ကရိတ်မြို့အတွင်းသို့ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သောင်းကျန်းသူများပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကော့ကရိတ်မြို့အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြင့်မြတ်ဟိန်းဆေးဆိုင်နောက်ဘက် ဦးဥာဏ်စိန်၏ နေအိမ် ကားဂိုဒေါင်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လူနေထိုင်ခြင်းမရှိသည့် ကားဂိုဒေါင်အဆောက်အဦပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အဆောက်အဦ သွပ်မိုးပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။

#PAN