အာရှနိုင်ငံရေးပါတီများဆိုင်ရာ နိုင်ငံတကာညီလာခံ(ICAPP) ကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတက်ရောက်နေ

(နိုင်ငံတကာ) နိုဝင်ဘာ ၂၁

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့မှာ နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ ကျင်းပနေတဲ့ “Internaional Conference of Asian Political Party(ICAPP)” (၁၂)ကြိမ်မြောက် အထွေထွေညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဖွဲ့ဝင် (၂)ဦးပါဝင်တဲ့ ပြည်ခိုင်ဖြိုးပါတီဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အဆိုပါအစည်းအဝေးတွေကိုတက်ရောက်ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဖနောင်ပင်မြို့ကို နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က လေယာဥ်အမှတ်၊ 8M 401 နဲ့ ထွက်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။

အာရှနိုင်ငံရေးပါတီများဆိုင်ရာ နိုင်ငံတကာညီလာခံ(ICAPP) (၁၂)ကြိမ်မြောက် အထွေထွေညီလာခံကို “A Quest for Peace and Reconciliation” ခေါင်းစဥ်နဲ့ ကျင်းပမှာဖြစ်ပြီး အာရှနိုင်ငံ (၂၈)နိုင်ငံက နိုင်ငံရေးပါတီ ၄၉ ပါတီနဲ့ လေ့လာသူအဖြစ် အခြား (၁၅)နိုင်ငံက နိုင်ငံရေးပါတီ (၁၆) ပါတီ၊ စုစုပေါင်း (၄၃)နိုင်ငံက နိုင်ငံရေးပါတီ (၆၅)ပါတီက လူပုဂ္ဂိုလ် (၃၀၀) ခန့်တက်ရောက်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#PAN