(ပြည်တွင်း)နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့ နယ်၊အိုးဘိုရွှေကျင်ရပ်ကွက်၊အကွက်(၄၀)ရှိ မန္တလေးဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် NLDအစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်းအား နှလုံးသွေးကြောကျဉ်း(နှလုံးခုန်နှေး) ရောဂါ ပြသရန် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေး ဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဟောင်း) ဦးသောင်းထွန်းသည် မန္တလေးဗဟိုအကျဉ်းထောင်၌ ရာကြီးမှုအမှတ်-၄၁၊၄၂၊၄၃/၂၀၂၁၊အဂတိ-၅၅ ဖြင့် ပြစ်ဒဏ် ၉နှစ် ကျခံနေကြောင်း သိရသည်။
နှလုံးသွေးကြောကျဉ်း(နှလုံးခုန်နှေး) ရောဂါဖြစ်ပွားနေသည့် အဆိုပါ ပြည်ထောင်စုဝန်ကြီးဟောင်းအားယမန်နေ့ နံနက် ၁၁နာရီခွဲအချိန်ခန့်က အိုးဘိုအကျဥ်းထောင်မှ အကျဥ်းဦးစီးဌာနပိုင် မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။။
အဆိုပါ အကျဉ်းသားအား ဆေးရုံကြီး (၆)ထပ်ဆောင်ရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၊နှလုံးရောဂါအထူးကုဌာနသို့ ပို့ဆောင်၍ နှလုံးရောဂါအထူးကု ဆရာဝန်ကြီးမှ လိုအပ်သော ကျန်း မာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ရာ နှလုံးကောင်းမွန်မှုရှိကြောင်းသိရသည်။
#PAN