(စီးပွားရေး) နိုဝင်ဘာ ၂၁
မွန်ပြည်နယ်မှထွက်ရှိသော ဝဥများကို အဆင့်မြင့်ကုန်ချောပြုလုပ်ကာ ပြည်ပသို့ ကုန်ချောအဖြစ် ပိုမိုတင်ပို့နိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ ပြည်ပဈေးကွက်ဝင်သည့် အဆင့်မြင့်ကုန်ချောထုတ်လုပ်နိုင်ပါက ဈေးကောင်းရရှိလာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ လိုအပ်ချက်များရှိနေခြင်းကြောင့် မွန်ပြည်နယ်မှထွက်ရှိတဲ့ ဝဥများကို ကုန်ကြမ်းအဖြစ်သာ အဓိက တင်ပို့နေရပါတယ်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများကို ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံသို့ အဓိကအနေနဲ့ တင်ပို့ လေ့ရှိပြီး ဂျပန်နိုင်ငံသို့လည်း တင်ပို့လျက်ရှိပါတယ်။
အဆိုပါဝဥကို စားသောက်ကုန်ထုတ်လုပ်မှုတွင် အသင့်စားအသားတု၊ ဂျယ်လီနှင့်ခေါက်ဆွဲ အမျိုးမျိုးပြုလုပ်ခြင်း၊ ဂျုံမှုန့် အစားထိုး ဝဥမှုန့်အဖြစ် အသုံးပြုခြင်း၊ စက်မှုကုန်ကြမ်းအနေဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ စာရေးကိရိယာများ တွင် အသုံးပြုတဲ့ ကော်ပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများတွင် မျက်နှာပေါင်းတင်ဆေးကော်ရည်အဖြစ် ပြုလုပ်သုံးစွဲခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းအနေနဲ့အသုံးပြုခြင်း၊ သိုင်းရွိုက်ကုသခြင်း၊ သွေးတိုးရောဂါကုသခြင်း စတဲ့ ဆေးဝါးများထုတ်လုပ် ရာတွင် အသုံးပြုကြကြောင်း သိရပါတယ်။
#PAN