(ပြည်တွင်း) နိုဝင်ဘာ ၂၁
ကျိုက်လတ်မြို့ရဲ့ အနောက်ဘက် သုံး မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု နိုဝင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ ၄၈ မိနစ် ၃၀ စက္ကန့်အချိန်က လှုပ်ခတ်သွားတယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။
ပြင်းအားအသင့်အသင့်ရှိတဲ့ ငလျှင်ကြောင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်၊ ဖျာပုံ ၊ အိမ်မဲ၊ ပန်းတနော်၊ ဝါးခယ်မ၊ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေးမြို့နယ်တွေနဲ့ ရန်ကုန်ကုန်တိုင်းဒေသကြီးက လှိုင်၊ စမ်းချောင်း၊သာကေတ၊ လှိုင်သာမြို့နဲ့ မြို့နယ်တစ်ချို့ ငလျှင်ရဲ့ဒဏ်ကို ခံစားခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အသံကအရလာတာ ပြီးတာနဲ့ ငလျှင်လှုပ်တာ၊ မှန်တွေခါတယ် ဘီတိုတွေလှုပ်တယ် ဘုရားပန်းအိုးတွေလည်းလှုပ်သွားပါတယ် ခဏဆိုပေမယ့် နည်းနည်းတော့ပြင်းတယ်ဗျ” လို့ ငလျင််ဒဏ်ခံရတဲ့ ကော့မှူးမြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီငလျင်ကြောင့် ကော့မှူးမြို့နယ်မှာရှိတဲ့ ကျိုက်ထော်တောင်ကျေးရွာအတွင်းက ဆုတောင်းပြည့်စေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်မြေခရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပထမငလျင်တစ်ခုအပြီး နောက်ဆက်တွဲငလျင်တစ်ခုထပ်မံလှုပ်ခတ်ပေမယ့် အင်အားအနည်းငယ်သာရ ရှိတယ်လို့ ဖျာပုံဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရသိရပါတယ်။
#PAN