(ပြည်တွင်း) နိုဝင်ဘာ ၂၁
ယမန်နေ့ နံနက်ပိုင်းက အကြမ်းဖက်များအားမလိုလားသော အေးချမ်းစွာနေထိုင်လိုသူ ဒေသခံများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းသည် ရန်သူများခိုအောင်းနေသည့် နေရာများကိုရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆီဆိုင်မြို့အရှေ့မြောက်ဘက် ရှိ ၁၄ မိုင်ခန့်အကွာရှိ နေရာ ၂ ခုကို ရှင်းလင်းစဉ် အကြမ်းဖက် PNLO/PDF အင်အား ၅၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များမှာ ၎င်းတို့ခိုအောင်းရာ ပွန်ချောင်းဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်များဆုတ်ခွာရာနောက်သို့ ဒရုန်းတပ်ဖွဲ့များက ထပ်ချပ်လိုက်ကာ ဝေဟင်အကဲကြည့် စနစ်ဖြင့်ပစ်မှတ်များ ညွှန်ပြသည်နှင့်တပြိုင်နက် လေကြောင်းမှတိကျထိရောက်စွာချေမှုန်းခဲ့ပြီး မြေပြင်တပ်များမှလည်း ဟန်ချက်ညီအချိန်ကိုက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များထိခိုက်ကျဆုံးမှုများစွာဖြင့် ရနိုင်သမျှ အလောင်း၊ လက်နက်များကောက်ယူ၍ ပွန်ချောင်းစခန်းနေရာနှင့် ပွန်ချောင်းတံတားတို့မှ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ အကြမ်းဖက်အလောင်း ၃ လောင်း၊ Type-81 အမျိုးအစားသေနတ် ၄ လက်၊ M-22 အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၇၁ တောင့်၊ ပစ်ကျင်း ၂၀ ကျင်းခန့် နှင့်ယာယီတဲများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews