(ပြည်တွင်း) နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ကိုးပင်-သာစည်စိုက်ပျိုးမွေးမြူမှုအလုပ်သင်အတတ်သင်စခန်းမှ အကျဉ်း ထောင်တပ်သား တစ်ဦး ကျောင်းကြိုသွားရာမှ အပြန် အကြမ်းဖက် PDF အဖွဲ့၏ သတ်ဖြတ်ခြင်း ခံရကြောင်း သိရသည်။
ယမန်နေ့ ညနေ ၅နာရီ ၁၅ မိနစ်အချိန်ခန့်က ကိုးပင်-သာစည်စိုက်ပျိုးမွေးမြူမှုအလုပ်သင်အတတ်သင်စခန်းမှ အကျဉ်းထောင်တပ်သား ဇော်မျိုးဦး၊ ၃၂ နှစ်၊ (ဘ) ဦးလူညိုသည် ဌာနပိုင်ယာဉ်ဖြင့် အ.ထ.က(သာစည်)သို့ ကျောင်းကြိုသွားရောက်ရာ ကိုးပင်-သာဂရလမ်းနှင့် သာစည်လမ်းခွဲ ဖိုလေးလုံးကျေးရွာ လမ်းပေါက်နှင့် သာစည်ကျေးရွာလမ်းပေါက်အကြား၊ မိုင်တိုင်အမှတ် ၈၆/ ၁ နှင့် ၈၆/၂ အကြား ကိုးပင်-သာဂရကားလမ်း၏ ဝဲဘက်တွင် အကြမ်းဖက် PDF များမှ သတ်ဖြတ်သွားခြင်း ခံရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဇော်မျိုးဦးတွင် ဦးခေါင်းကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောပြင် ယာဘက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၆ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊ ဇော်မျိုးဦး မောင်းနှင်လာသည့် 9Q/ 8422 HYUNDAI အဖြူရောင်မော်တော်ယာဉ်အား အကြမ်းဖက်သမားများမှ ယူဆောင်သွားခဲ့ကြကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews