(ပြည်တွင်း) နိုဝင်ဘာ ၂၀
ခရီးသည်တင်ယာဉ်ဘတ်စ်ကားမောင်းနှင်တဲ့ YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညနလိုင်စင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။
YBS ယာဉ်မောင်းများအနေနဲ့ စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်ခြင်းမျိုးရှိပါက ယာဉ်မောင်း Smart Card ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကညနယာဉ်မောင်းလိုင်စင်ကိုလည်း အချိန်ကာလတစ်ခုအထိ သတ်မှတ်၍ ပိတ်သိမ်း အရေးယူသွားမှာဖြစ်ပါတယ်။
YRTC ၏ မှတ်တမ်းများအရ ယခုလတွင် မီးနီဖြတ်မောင်းသူ ၁၁ ဦး၊ ယာဥ်ကျော်တက်သူ ၁၉ ဦး၊ မီးပွိုင့်မှာ လူတင်/ချသူ ၃ ဦး၊ ဘေးတံခါးဖွင့်မောင်းသူ ၄၇ ဦး၊မှတ်တိုင်တွင် စနစ်တကျမရပ်သူ ၃ ဦး၊ မှတ်တိုင်တွင် အချိန်ကြာ မြင့်စွာရပ်သူ ၇ ဦး၊ သတ်မှတ်စတစ်ကာမပါသူ ၁ ဦး၊ ကီလိုကျော်အရှိန်ပြင်းစွာမောင်းနှင်သူ ၇ ဦးနှင့် ဘရိတ်စောင့် နင်းသူ ၂ ဦး စုစုပေါင်းစည်းကမ်းဖောက်ဖျက် YBS ယာဉ်မောင်း ၁၀၀ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ YBS ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဉ်မောင်း ၄,၀၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေပြီး YBS ယာဉ်မောင်းများရဲ့ စည်းကမ်းဖောက်ဖျက်မှုကို YRTC က Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews