အမေရိကန်ထောက်ပံ့သည့် တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားကို ယူကရိန်းစတင်တိုက်ခိုက်


(နိုင်ငံတကာ) နိုဝင်ဘာ ၂၀

အမေရိကန်ထောက်ပံ့သည့် တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားပိုင်နက်အတွင်းသို့ ယူကရိန်းက ပထမဆုံးစတင်တိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်က ခွင့်ပြုချက်ပေးပြီးနောက် တစ်ရက်ကြာတွင် ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုသည် အင်္ဂါနေ့နံနက်တွင် ယူကရိန်းနိုင်ငံမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Bryansk ဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဌာနသတင်းအရင်းမြစ်များ၏ အဆိုအရ ယူကရိန်းမှ ပစ်လွှတ်တိုက်ခိုက်ခဲ့သော ဒုံးကျည် ၈ စင်းအနက် ၂ စင်းကိုသာ ရုရှားက ကြားဖြတ်တိုက်ဟန့်တားနိုင်ခဲ့ကြောင်းပြောဆိုထားသော်လည်း တိကျသည့် အတည်ပြုချက်မရှိကြောင်းသိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အမေရိကန်အနေဖြင့် ပဋိပက္ခကို အရှိန်မြှင့်ရန် ကြိုးစားနေသည်ဟု တုန့်ပြန်ခဲ့သည်။

ယူကရန်း၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုနှင့် မည်ကဲ့သို့ တုန့်ပြန်မည်ကို ရုရှားစစ်တပ်မှ ရှင်းလင်းသည့် ထုတ်ပြန်မှုများ မရှိသေးကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN