ပုဂံခေတ် ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သောတည်ဆောက်မှုကို လေ့လာနိုင်”

(ပြည်တွင်း) နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ဖူး မြော်သူများအနေနဲ့ ပြဿဒ်ကြီးဘုရားရှိ ရပ်တော်မူနဲ့ ထိုင်တော်မူဆင်းတုတော်တွေကို ဖူးမြော်နိုင်သလို ပုဂံခေတ် အဆောက်အအုံ တည်ဆောက်ဖန်တီးသူတွေရဲ့ ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနဲ့ တိုးတက်ကောင်းမွန်သော တည် ဆောက်မှု ဗိသုကာပညာရပ်တွေကို လေ့လာနိုင်ကြောင်း သိရပါတယ်။

ပြဿဒ်ကြီးဘုရားကို ကျစွာမင်းကြီး က (၁၃)ရာစု အစောပိုင်းမဖျာ တည်ထားကိုးကွယ်ခဲ့ပြီး လိုဏ်နှစ်ဆင့်ခံ စေတီ ပေါက် ဂူဘုရားတစ်ဆူဖြစ်ကာ အလွန်ကြီးမားတဲ့ အံ့သြဖွယ်ရာကောင်းမွန်သော စေတီတော်ဖြစ်ပြီး ပုဂံမြို့ရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိပါတယ်။

အဆိုပါပြဿဒ်ကြီးဘုရားအတွင်း ကြီးမားသော ရပ်တော်မူနဲ့ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာကို ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် ဖူးမြော်တွေ့ရှိ လေ့လာနိုင်ပါတယ်။

ဒါ့အပြင် စေတီပုထိုးများရဲ့ ကြီးမားခမ်းနားသော အခန်းများနဲ့ ကျယ်ဝန်းသော စင်္ကြံလျှောက်လမ်းများ တည်ဆောက်ထားရှိမှုကို ကြည့်ခြင်းအားဖြင့် ပုဂံခေတ်အဆောက် အအုံ တည်ဆောက်ဖန်တီးသူများရဲ့ ဗိသုကာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ တိုးတက်ကောင်းမွန်တဲ့ ဗိသုကာပညာရပ် များကို တွေ့မြင်သိရှိလေ့လာနိုင်ပါတယ်။

ပြဿဒ်ကြီးဘုရားရဲ့ အရှေ့မြောက်ဘက်တွင် စောလှဝန်းဘုရား၊ မြောက်ဘက်တွင် ဆင်များရှင်အုတ်ကျောင်း တိုက်အစုအဝေး၊ အနောက်မြောက်ဘက်တွင် စူဠာမဏိဘုရား၊ အနောက်ဘက်တွင် ဓမ္မရံကြီးဘုရား၊ တောင်ဂူနီ၊ မြောက်ဂူနီဘုရားနဲ့ အနောက်တောင်ဘက်တွင် ဓမ္မရာဇကဘုရားတွေကိုလည်း တစ်စပ်တည်းဖူးမြော်နိုင်ကြောင်း သိရပါတယ်။

#PAN