(ပြည်တွင်း) နိုဝင်ဘာ ၂၀
အကြမ်းဖက်မှုကို မလိုလားသော ပြည်သူအချို့၏ လျှို့ဝှက်သတင်းပေးမှုအရ နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာ၊ ရွှေမြင်တင်ဘုရားစောင်းတန်း အနီးပတ်ဝန်းကျင်ရှိ နေအိမ်များကို လုံခြုံရေးအဖွဲ့မှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF အဖွဲ့ဝင် ကျား ၃ ဦး၊ မ ၁ ဦးကို လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ကာအင်္ကျီ အထည် ၂၀ တို့နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက် PDF အဖွဲ့များ၏ ယုတ်မာရက်စက်မှုမျိုးစုံဖြင့် ပြည်သူများအား ဒုက္ခပေးလျှက်ရှိသောကြောင့် ဒေသတွင်းပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့များထံသို့ လျှို့ဝှက်သတင်းပေးပို့မှုများ များပြားလာကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews