(ပြည်တွင်း) နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာသစ်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင်(ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး)အပါ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးတို့သည် ယမန်နေ့နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ဝဲလောင်-ငါ့သရောက်ကားလမ်းအတိုင်း ရွာသို့ပြန်လာစဉ် တလိုင်းရပ်၊ ရွာသစ်ကျေးရွာ သုသာန်(ဝဲလောင်-ငါ့သရောက် ကားလမ်းဘေး)အနီးအရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှ စောင့်ကြိုပစ်ခတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
တလိုင်းရပ် ရွာသစ်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင်(ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး)၊ ဦးကျော်မင်းထူး အပါ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးတို့သည် တလိုင်းရပ်ရွာသစ်ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ၎င်းပိုင် ကြက်သွန်ခင်းသို့ သွားရောက်ခဲ့ပြီး ဝဲလောင်-ငါ့သရောက်ကားလမ်းအတိုင်း ရွာသို့ပြန်လာစဉ် တလိုင်းရပ်ရွာသစ်ကျေးရွာ သုသာန်(ဝဲလောင်-ငါ့သရောက်ကားလမ်းဘေး)အနီးအရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်အတို/အရှည်များဖြင့် ပစ်ခတ်ခဲ့ရာ ဦးကျော်မင်းထူး၊ ၅၀ နှစ်၊ (ဘ)ဦးကုလား၊ ပြည်သူ့ စစ်ခေါင်းဆောင်(ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး)တွင် မျက်နှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံအထက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊သိန်းကိုကို၊ ၂၁ နှစ်၊(ဘ)ဦးထွန်းကို၊ (ပြည်သူ့စစ်အဖွဲ့ဝင်)တွင် နဖူးယာဘက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး ဦးအောင်ကျော်တင့်၊ ၅၁ နှစ်၊ (ဘ)ဦးချစ်၊ (ပြည်သူ့စစ်အဖွဲ့ဝင်)တွင် နောက်ကျော ယာဘက်ခြမ်း ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ခြေ ဖမိုး ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ တင်ကိုဇော်၊ ၂၄ နှစ်၊ (ဘ)ဦးဇော်မင်းနိုင်၊ (ပြည်သူ့စစ်အဖွဲ့ဝင်)တွင် ဝဲ-ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နေရာအနီးတွင် ဖြတ်သန်းသွားလာနေသော မစန်းစန်းဦး၊ ၃၁နှစ်၊ (ဘ)ဦးကျောက်ခဲ၊ တလိုင်းရပ်ရွာသစ်ကျေးရွာ၊ တောင်သာမြို့နယ်နေသူတွင် ဝဲ-ခြေသလုံး ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ၎င်းသမီးဖြစ်သူ မချစ်မြတ်နိုး၊ ၁၀ နှစ်၊ (ဘ)ဦးခက်ဝေအောင်၊ Grade-4 ကျောင်းသူတွင် ဝဲ-ခြေဖမိုး ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး ဦးကျော်မင်းထူး စီး လာသော Dayang အမျိုးအစား (လိုင်စင်နံပါတ်စိစစ်ဆဲ)အနက်ရောင်ဆိုင်ကယ် ၁ စီး(ခန့်မှန်းတန်ဖိုး ၁၅သိန်းကျပ်ခန့်)နှင့် ၎င်းကိုင်ဆောင်သော M-22 သေနတ် ၁ လက်၊ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုနှင့် သိန်းကိုကို ကိုင်ဆောင်သော ကာဘိုင် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၃ ခုတို့အား အကြမ်းဖက် PDF အဖွဲ့မှ ယူဆောင်သွားပြီး မုံရိုးကျေးရွာဘက်သို့ ထွက်ပြေးသွားကြကြောင်း သိရှိသည်။
Telegram»…
https://t.me/positiveanglenews