“တစ်ပတ်လုပ်ခ စတာလင်ပေါင် ၅ သိန်းနဲ့ ဟာလန်း ကို စာချုပ်သက်တမ်းတိုးရန် မန်စီးတီးအသင်းစီစဉ်

(အားကစား) နိုဝင်ဘာ ၂၀


မန်စီးတီးအသင်းက တိုက်စစ်ကစားသမား ဟာလန်း အား တစ်ပတ်လုပ်ခ လစာငွေ စတာလင်ပေါင် ၅ သိန်းနဲ့ စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးကို လက်ရှိအချိန်တွင် ဥရောပထိပ်သီးကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတာကြောင့် မန်စီးတီးအသင်းက အခုလိုစာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

တိုက်စစ်မှူး ဟာလန်း အနေနဲ့ မန်စီးတီးအသင်းနဲ့ လက်ရှိလစာငွေအတိုင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုပါက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင်လစာငွေအများဆုံးရရှိသည့် ကစားသမားတစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၁၄ ပွဲကစားပြီး ၁၀၅ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။

PAN