(ပြည်တွင်း) နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီကော်မတီဝင် တစ်ဦးအား နိုဝင်ဘာလ ၁၈ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဦးနိုင်ဝင်းအောင်(ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်)သည် မြို့နယ်ပါတီရုံးမှ ၎င်းနေထိုင်ရာ တောင်ဘလူကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဥ် နောက်မှ ကပ်လျှက်ပါလာသော ဆိုင်ကယ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘယ်ဘက်ရင်အုံတွင် သေနတ်ထိမှန်ဒဏ်ရာ ၁ ချက်၊ လက်မောင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ရာ ဆိုင်ကယ်အားထားခဲ့ပြီး တောအတွင်းသို့ထွက်ပြေး၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဖုန်းဆက်အကူညီတောင်းခံရာ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ စလေ(ချောင်းပိုက်)ပြည်သူ့စစ်အင်အား ၆ ဦးတို့နှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ ပခန်းငယ်ကျေးရွာ ရွှေသာလျောင်းဘုရားအနီးမှ ဦးနိုင်ဝင်းအောင်အား သေနတ်ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေနတ်ထိမှန်ဒဏ်ရာရရှိသူ ဦးနိုင်ဝင်းအောင် အား စလေပြည်သူဆေးရုံသို့ခေါ်ဆောင်လာခဲ့ပြီး လိုအပ်သောဆေးဝါးကုသမှုခံယူကာ အရေးပေါ်လူနာအဖြစ် မကွေးပြည့်သူ့ဆေးရုံကြီး သို့ လွှဲပြောင်းခဲ့ပြီး အတွင်းလူနာအဖြစ်ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews