(အားကစား) နိုဝင်ဘာ ၂၀
မန်ယူအသင်းက စပို့တင်း အသင်းရဲ့ တိုက်စစ်မှူး ကွမ်ဒါ ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိတယ်လို့ သိရပါတယ်။
အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ကွမ်ဒါ ဟာ စပို့တင်းအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသလျက်ရှိပြီး အသင်းအတွက် ၁၇ ပွဲကစား သွင်းဂိုး ၂ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။
ဒါကြောင့် မန်ယူအသင်းက ကွမ်ဒါ ကိုခေါ်ယူဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ စပို့တင်းအသင်း က ကွမ်ဒါ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချဖွယ်ရှိနေတာကြောင့် မန်ယူအသင်းအနေနဲ့ လာမယ့်ဆောင်းရာသီဈေးကွက်မှာ ကွမ်ဒါ ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews