(ကျန်းမာရေး)နိုဝင်ဘာ ၂၀
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဟင်းနုနယ်ရွက်နှင့် ကျန်းမာရေးအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အစိမ်းရောင်ခြယ် ပစ္စည်းတွေ အပြည့်ပါပြီး စားလို့ကောင်းတဲ့ ဟင်းနုနွယ်ကို ဆေးဖက်ဝင်တဲ့ အပင်တစ်ခု အဖြစ် အားလုံး အကြမ်းဖျင်း သိကြပါတယ်။ ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ကတော့ –
အမြင်အာရုံကို ကောင်းမွန်စေပါတယ်
ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် A ဓါတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက် လုံး ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ အတွက်လည်း အသုံးဝင်လှတဲ့ ဟင်းနုနွယ်ပါ။
ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝစွာပါပါတယ်
ဟင်းနုနွယ်မှာပါတဲ့ အစိမ်းရောင် ရောင်ခြယ်ပစ္စည်းက ဟင်းနုနွယ်လို့ မြင်လိုက်ရုံနဲ့ သိအောင်လုပ်ပေးတာတင်မကဘဲ ကိုယ်တွင်းရှိ မကောင်းတဲ့ ဓါတုပပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင် အပြည့်ပါပါတယ်။
ကိုယ်အလေးချိန် လျှော့ချနေသူများ စားပေးသင့်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်
ကာဘိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှုနည်းတယ် ၊ အာဟာရဓါတ်တွေလည်း အများကြီးပါတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အစားအစာကိုလိုက်ရှာနေတဲ့ သူတွေ အတွက် ဟင်းနုနွယ်က အသင့်တော်ဆုံးပါ။ ပါဝင်တဲ့ကယ်လိုရီပမာဏကလည်း မများတဲ့အပြင် အမျှင်ဓါတ်လည်း ကြွယ်ဝတာကြောင့် အစာ ခြေစနစ်ကိုလည်း အထောက်အကူပြုဦးမှာပါ။
အရိုးအဆစ်တွေကို သန်မာစေပါတယ်
အသားလည်းမဟုတ်ဘဲနဲ့ ဒီအ ရွက်လေးက ဘယ် လိုလုပ်ပြီး အရိုးကျန်းမာရေးအတွက် ကောင်းတာလဲလို့ မေးစရာရှိပါတယ်။ ဒါ ဟင်းနုနွယ်မှာပါတဲ့ ဗီတာ မင် D ကြောင့်ပါ။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းတဲ့ ဗီတာမင် D တို့ ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့ နို့မသောက်နိုင်တဲ့သူတွေ ဟင်းနုနွယ်စားပေးလို့ရတယ်နော်။
ညဘက် အိပ်ပျော်စေပါတယ်
ဟင်းနုနွယ်မှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်အပြင် ဇင့်တို့ မဂ္ဂနီဆီယမ်တို့လို အိပ်ပျော်ခြင်းကို အားပေးတဲ့ သတ္တုဓါတ်တွေ ပါဝင်တာကြောင့် အိပ်မရတဲ့ ညပေါင်းတွေ များနေတဲ့ လူတွေ အတွက် သင့်တော်တဲ့ အစားအစာတစ်ခုပါ။
ခုခံအားကို မြင့်တက်စေပါတယ်
ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင် A ဟာ ခုခံ အားအတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဆိုလည်း မမှားပါဘူး။ ဗီတာမင် A ကြောင့် ခုခံအားမြင့်တက်လာမယ့်အပြင် သွေးဖြူဥဆဲလ်တွေကိုပါ အားကောင်းစေတာကြောင့် အပြင်က ဘယ်ရောဂါမှ ဝင်မလာအောင် သူက တားဆီးပေးမှာနော် ။
ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပါတယ်
ဟင်းနုနွယ်မှာ ဆံပင်ကျွတ်ခြင်းကို အဓိကတားဆီးပေးတဲ့ သံဓါတ် အပြည့်ပါတာကြောင့် ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတဲ့ ကိုကိုမမတွေ ဟင်းနုနွယ်စားပေးသင့်တယ်နော်။
အရွယ်တင်နုပျိုစေမယ့်အပြင် ဝက်ခြံတွေကိုလည်း တားဆီးပေးဦးမှာပါ
ဗီတာမင် A ရဲ့ အသားအရေနုပျိုစေတဲ့အာနိသင် ၊ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဝက်ခြံကင်းစင် အရွယ်တင်နုပျိုတဲ့ အသားအရေလေးတစ်ခုဖြစ် အောင် ဟင်းနုနွယ်က ဖန်တီးပေးနိုင်ပါတယ်။
ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေတယ်
ဟင်းနုနယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြောတစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြောစနစ်နဲ့ ဦးနှောက် လုပ်ငန်း ဆောင်တာတွေကို ကျန်းမာစေပါတယ်။
အင်တီအောက်ဆီးဒင့်အစွမ်း ပေးနိုင်
ဟင်းနုနယ်ရွက်မှာပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါးရောဂါ၊ သွေးကြောကျဉ်းရောဂါနဲ့ သွေး တိုးတာတို့ကို သက်သာစေပါတယ်။
သွေးတိုးကျစေပါတယ်
ဟင်းနုနယ်ရွက်ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီးပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။ ဟင်းနုနယ်က သွေးထဲမှာရှိတဲ့ သကြားပမာဏ ကို ကျဆင်းအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးလွှတ် ကြောများအတွင်း အဆီပိတ်ဆို့ခြင်းကို ကာကွယ်ပေးတဲ့အပြင် သွေးလည်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဟင်းနုနယ်က ခေါင်းတစ် ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေအတွက် စားသင့်ပါတယ်
ကိုယ်ဝန်ဆောင်မိခင်တွေ ဟင်းနုနယ်ကို မှန်မှန် စားပေးခြင်းဖြင့် သန္ဓေသားရဲ့ DNA နဲ့ အာရုံ ကြောအဖွဲ့အစည်းတွေကို တိုးတက်ကောင်းမွန် စေတဲ့အပြင် ရင်သွေးငယ်တွေမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ခြင်းကနေ ကာကွယ်ပေးပါ တယ်။ ဒါ့ပြင် သား ပျက်သားလျှောခြင်းမှ ကာကွယ်ပေးပါတယ်။ နို့ထွက်အားကောင်းစေတဲ့အတွက် နို့တိုက်မိခင်တွေ ဟင်းနု နယ်ကို စားသုံးသင့်ပါတယ်။
ဘာတွေ သတိထားရမလဲ
ဟင်းနုနယ်ထဲမှာ oxalates ဓာတ်ပါရှိတာ ကြောင့် ကျောက်ကပ်၊ သိုင်းရွိုက်နဲ့ ဂေါက်ရောဂါ သည်တွေ အလွန်အကျွံမစားသင့်ပါဘူး။ ဟင်းနုနွယ်ကိုစားသုံးမည်ဆိုပါက ချက်စားစား သုပ်စားစား ကြော်စားစား အရင်ဆုံး ရေနွေးဖျောပါ။ သို့သော် ရေနွေးအကြာကြီး ရေနွေး ဖျောခြင်းကိုတော့ မလုပ်ပါနဲ့။ ရေနွေးဖျောခြင်းဟာ ဟင်းနုနွယ်ထဲမှာပါတဲ့ အောက်ဇားလစ်အက်စစ်ဓါတ်များကို ဖယ်ရှားခြင်းဖြစ်ပါတယ်။ အောက်ဇားလစ်အက်စစ်ဓါတ်ကို မဖယ်ဘဲစားပါက ကြာလာလျှင် ခန္ဓာကိုယ်ထဲတွင် အနည်ကျပြီး ကျောက် တည်တတ်ပါတယ်။
နိဂုံးချုပ်ပြောလိုတာကတော့ ဟင်းနုနွယ်နဲ့ သစ်ကြားသီး နှစ်မျိူးရောမစားဖို့ပါပဲ။ မတည့်လို့တော့ မဟုတ်ပါ။ သစ်ကြားသီးရော ဟင်းနုနွယ်ရော ၂ မျိူးစလုံးက အောက်ဇားလစ် အက်စစ်ဓာတ် ပါဝင်မှုများလို့ပါ။ ထို့ကြောင့် သစ်ကြားသီးနဲ့ ဟင်းနုနွယ်ကို တစ်ချိန်တည်းပမာဏများစွာ တွဲစားမိပါက အချိန်တိုအတွင်းမှာ ကျောက်တည်တာကို ဖြစ်စေနိုင်ပါတယ်။
(Crd: Hello ဆရာဝန်, OnDoctor , Myawady Webportal)
#PAN