ရုရှားက ရွေ့လျား နျူကလီးယား အကာအကွယ်များ စတင်ထုတ်လုပ်နေ


(နိုင်ငံတကာ) နိုဝင်ဘာ ၁၉

ရုရှားက ရွေ့လျား သယ်ဆောင်နိုင်သော နျူကလီးယားအကာအကွယ်များ စတင်ထုတ်လုပ်နေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။

အဆိုပါ အကာအကွယ်များသည် နျူကလီးယားပေါက်ကွဲမှုနှင့် ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု အမျိုးမျိုးသော ခြိမ်းခြောက်မှုများအတွက် ကာကွယ်ရန် ဒီဇိုင်းဆွဲထုတ်လုပ်ထားကြောင်းသိရသည်။

ရုရှား၏ အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ၎င်းသည် အရေးပေါ်ကာကွယ်မှုဆိုင်ရာများအား နှစ်ပေါင်းများစွာ သုတေသနပြုကာ ထုတ်လုပ်ခဲ့ခြင်းကြောင့် အများပြည်သူ ဘေးကင်းရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဟု ချီးကျူးခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN