မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချပေးမည်


(ပြည်တွင်း) နိုဝင်ဘာ ၁၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် အတည်ပြုရွေးချယ်ထားသည့် အမှတ်တံဆိပ် Logo အား အထူး ထုတ် စာပို့တံဆိပ်ခေါင်းအဖြစ် သတ်မှတ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၆)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီး တို့တွင် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN