ဂါဇာ ဒုက္ခသည်များထံပို့ဆောင်မည့် စားနပ်ရိက္ခာများ လုယက်ခံရ


(နိုင်ငံတကာ) နိုဝင်ဘာ ၁၉

ဂါဇာကမ်းမြောင်ဒေသရှိ ဒုက္ခသည်များထံ ပို့ဆောင်မည့် စားနပ်ရိက္ခာ ကုန်တင်ယာဉ် ၁၀၀ နီးပါး အကြမ်းဖက်လုယက်ခံခဲ့ရကြောင်းသိရသည်။

စားနပ်ရိက္ခာများတင်ဆောင်လာသည့် ကုလသမဂ္ဂ၏ ကုန်တင်ယာဉ် ၁၀၉ စီးအား အကြမ်းဖက်တိုက်ခိုက်မှုကြုံခဲ့ရကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (Unrwa) က ဆိုသည်။
ကုလသမဂ္ဂ အေဂျင်စီ၏ အကြီးအကဲမှ ပြစ်မှုကျူးလွန်သူများအား ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း မျက်နှာဖုံးစွပ်နှင့် လက်နက်ကိုင်များမှ သေနတ်ပစ်ဖောက်ခြင်းနှင့် လက်ပစ်ဗုံးများနှင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် လုယက်မှုဖြစ်ပေါ်ခဲ့သည့်နေရာသည် အစ္စရေးထိန်းချုပ်ထားသည့် Kerem Shalom အားဖြတ်ကျော်ပြီးနောက် ဖြစ်ပွားခဲ့ပြီး ကုန်တင်ရင် ၁၀၉ စီးအနက် ၉၀ ကျော် လုယက်ခံခဲ့ရခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲများအတွင် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူ ၂ သန်းကျော် စားနပ်ရိက္ခာအခက်အခဲတွေ့ကြုံနေရပြီး မကြာမှီ အငတ်ဘေးနှင့်ကြုံရနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN