ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည်တင်မော်တော်ယာဉ်အား အကြမ်းဖက် PDF အဖွဲ့က Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ


(ပြည်တွင်း) နိုဝင်ဘာ ၁၉

ယမန်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချန်ခန့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည်တင်မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ မန္တလေးမြို့သို့ မောင်းနှင် ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာအနီးအရောက်တွင် အကြမ်းဖက် PDF အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသွား ပြည်သူများအနက် မအိန္ဒြာမိုး၊ ၄ နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ခင်ဌေး၊ ၅၇ နှစ်၊ ဒေါငြိမ်းစံပယ်၊ ၃၀ နှစ်၊ ဒေါ်ယဉ်ထွေး၊ ၃၃ နှစ်၊ မောင်သီဟနိုင်၊ ၃ နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင် မော်တော်ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN