AP ဓာတ်ပုံသတင်းထောက်မှ အစ္စရေး၏ တိုက်ခိုက်မှု အခိုက်အတန့်ကို မှတ်တမ်းတင်နိုင်ခဲ့


(နိုင်ငံတကာ) နိုဝင်ဘာ ၁၈
လက်ဘနွန်နိုင်ငံ ဘေရွက်မြို့ရှိ တိုက်ခန်းတစ်ခန်းကို အစ္စရေးမှ လေကြောင်းတိုက်ခိုက်ချိန်တွင် AP ဓာတ်ပုံသတင်းထောက်မှ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သူ Hassan Ammar သည် အစ္စရေးမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်လုံး အဆောက်အဦးအား မထိမှန်မှီ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် ကြီးမားသည့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုအခြေအနေအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
စက်တင်ဘာ လလယ်မှစတင်ကာ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား ၁၃ လကြာ တိုက်ပွဲများအတွင်း လက်ဘနွန်တွင် လူပေါင်း ၃၂၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ၂၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

#PAN