( နိုင်ငံတကာ ) နိုဝင်ဘာ ၁၈
အမေရိကန်နိုင်ငံက ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကြောင့် ဆုံးရှုံးနစ်နာမှုအတွက် အီရန်က အမေရိကန်မှ ဒေါ်လာတစ်ထရီလီယံ ကို တောင်းဆိုလိုက်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးနေကြောင်း၊ အီရန်နိုင်ငံ၏ အခြေအနေကို ယိမ်းယိုင်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံစည်လုပ်ဆောင်နေကြောင်း၊ အီရန်အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီရှမ်ခါနီ က နိုဝင်ဘာလ ၁၆ ရက်တွင် ပြောသည်။ အမေရိကန်နိုင်ငံသည် အီရန်နှင့်အိမ်နီးချင်းနိုင်ငံများကြား စိတ်ဝမ်းကွဲစေရန်နှင့် အမေရိကန်၏ မဟာမိတ် အဖွဲ့များ၊ အီရန်၏ ရန်သူတော်ဖြစ်သည့် အစ္စရေးတို့ကို ကာကွယ်ရန်ရည်ရွယ်၍ ISIS နှင့် အယ်လ်ကိုင်ဒါအဖွဲ့တို့ကို ဖွဲ့စည်းခဲ့သည်ဟု ပွင့်ပွင့်လင်းလင်းဝန်ခံထားကြောင်း အလီရှမ်ခါနီ ကဆက်ပြောသည်။ ဒါ့အပြင် အမေရိကန်အစိုးရအဆက်ဆက်သည် အီရန်နိုင်ငံကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ် သတ်မှတ် ကာ ထိုနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများအပါအဝင် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများကို အကြိမ်ကြိမ် ချမှတ်ခဲ့ကြောင်း ရှမ်ခါနီ က ပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
#PAN