(နိုင်ငံတကာ) နိုဝင်ဘာ ၁၈
ရုရှားနိုင်ငံအထိ ပစ်လွှတ်နိုင်သော အမေရိကန်၏ တာဝေးပစ်ဒုံးကျည်များ အသုံးပြုရန် ဂျိုးဘိုင်ဒန်က မီးစိမ်းပြလိုက်ကြောင်းသိရသည်။
ယူကရိန်းမှ လပေါင်းများစွာတောင်းဆိုနေသော်လည်း အဆိုပါ နည်းဗျူဟာမြောက် တာဝေးပစ်ဒုံးကျည်များကို အမေရိကန်အစိုးရမှ ငြင်းဆိုခဲ့သည်။
ယခုအခါ အသုံးပြုခွင့်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်မီဒီယာများ ရေးသားဖော်ပြနေသော်လည်း အိမ်ဖြူတော်အနေဖြင့် တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းမရှိကြောင်းသိရသည်။
ဂျိုးဘိုင်ဒန်သည် သမ္မတသက်တမ်းကုန်ဆုံးရန် နှစ်လအလိုတွင် ယခုကဲ့သို့ တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးလိုက်မည်ဆိုပါက ရုရှားနှင့် အမေရိကန်တို့အကြား ပိုမိုတင်းမာလာဖွယ်ရှိပြီး မကြာမှီ သမ္မတတာဝန် ပြန်လည်ထမ်းဆောင်ခွင့်ရသည့် သမ္မတထရမ့်အတွက် ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်လျက်ရှိသည်။
အဆိုပါသတင်းများ ထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံအတွင်းရှိ အဆိုပါ ဒုံးကျည်နှင့် လက်လှမ်းမှီသည့်နေရာမှ စစ်အခြေစိုက်စခန်းများနှင့် စစ်လက်နက်ပစ္စည်များအား ပြောင်းရွှေ့နေရာချထားခြင်းများရှိကြောင်းသိရသည်။
#PAN