မဟာအောင်မြေမြို့နယ်ရှိ Power Kyaw Lin ဖုန်းအရောင်းဆိုင်တွင် အမျိုး သမီးတစ်ဦးက ဓားဖြင့်လုယက်မှု ဖြစ်ပွား

(ပြည်တွင်း)နိုဝင်ဘာ ၁၈

      မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊၆၉လမ်း၊၃၈×၃၉ လမ်းကြားရှိ POWER KAW LIN ဖုန်းအရောင်းဆိုင်၌ ယနေ့နံနက်ပိုင်းက အမျိုသမီးတစ်ဦးက ဆိုင်ဝန်ထမ်းအား ဓားထောက်လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ယနေ့နံနက် ၉နာရီ၁၅မိနစ်အချိန်ခန့်က မိုးပွင့်ဖြူ၊၂၃နှစ်၊(ဘ)ဦးစိုးမိုး၊မင်းလှဇာတိ၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူသည် အဆိုပါ ဖုန်းအရောင်းဆိုင်အတွင်းသို ရောက်ရှိလာသည်။ ၎င်းက Kpay သိန်း ၅၀ထုတ်ချင်ကြောင်းပြောရာ ဆိုင်ဝန်ထမ်းများမှ ဘဏ်သွားထုတ်ရန် ပြောဆိုခဲ့ကြောင်း၊ ၎င်းနောက် မမိုးပွင့်ဖြူမှ ၎င်းဖုန်းအား စစ်ဆေးပေးရန်ပြသရာ ဆိုင်ဝန်ထမ်းမှ ဖုန်းအား ကြည့်ပေးနေစဉ် မမိုးပွင့်ဖြူက ဓားဖြင့်လှန်းထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        ဆိုင်ဝန်ထမ်းများက ထွက်ပြေးပြီး ဆိုင်တံခါးအားပိတ်ထားခဲ့ကာ သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ခြင်းဖြစ် ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရားခံ မမိုးပွင့်ဖြူအားဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့်အရေးယူနိူင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN