(နိုင်ငံတကာ) နိုဝင်ဘာ ၁၈
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုး နှင့် ရုရှားသမ္မတ ပူတင် တို့သည် နိုဝင်ဘာလ ၁၅ ရက်တွင် နှစ်နှစ် နီးပါးကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂျာမနီအစိုးရ၏ မေတ္တာရပ်ခံချက်အရ ရုရှားသမ္မတ ပူတင် အနေဖြင့် နိုဝင်ဘာလ ၁၅ ရက်တွင် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှိုး နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ အဆိုပါဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် ယူကရိန်းမှရုရှားတပ်များ ရုပ်သိမ်းပေးရန်၊ ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ကျင်းပရန် ဂျာမနီဝန်ကြီးချုပ်က သမ္မတ ပူတင် ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ပေးမည့် မည်သည့်သဘောတူညီချက်မျိုးမဆို ရုရှားနိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွား များကို ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ပြီး နယ်မြေဒေသများ၏ ပကတိအရှိတရားသစ်ကိုလည်း ထင်ဟပ် နိုင်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက် ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် သမ္မတ ပူတင် ကပြောကြားခဲ့သည်။ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလင်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ ပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုး က ရုရှားသမ္မတ ပူတင်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ယူကရိန်းအရှေ့ပိုင်းစစ်မြေပြင်၌ ရုရှားတပ်များက စစ်ရေးအရ ဆက်တိုက်အသာစီးရလာ ကြောင်းသိရသည်။