မန်းမြို့တော်ဟိုတယ်တွင် ကာလရှည် တည်းခိုနေထိုင်လျှက်ရှိသော တရုတ်နိုင်ငံသားတစ်ဦး သေဆုံးး


(မှုခင်း) နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ် ကွက်၊ ၈၄ လမ်း၊ ၃၂×၃၃ လမ်းကြားရှိ မန်းမြို့တော်ဟိုတယ်တွင် ကာလရှည် တည်းခိုနေထိုင်လျှက်ရှိသော တရုတ်နိုင်ငံသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မန်းမြို့တော် ဟိုတယ် ၈ လွှာ၊ အခန်းအမှတ် ၈၀၆ တွင် တည်းခိုနေထိုင်လျှက်ရှိသော တရုတ်နိူင်ငံသား မို​ကြည်ရှန်( Mr. Mo Zhi Jun)၊၄၃ နှစ်၊ဇာတိ ကွမ်တုံ၊ နေရပ် ကူမင်းမြို့၊Passpost နံပါတ် EL 6682527၊ ဗီဇာအမှတ် A-331766 သည် အခန်းအတွင်းရှိ ကုတင်ပေါ်တွင် အသားကပ် အားကစားဘောင်းဘီရှည်၊ အောက်ခံ Tရှပ်အဖြူ၊အနွေးထည်နက်ပြာ ဝတ်ဆင်လျှက် ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိပဲ သေဆုံးလျှက်ရှိကြောင်း သိရသည်။

သေဆုံးသူ တရုတ်နိုင်ငံသား Mr.မိုကြည်ရှန်သည် တရုတ်နိုင်ငံ Passpost နံပါတ် EL 6682527၊ သက်တမ်းကာလ ၁-၂-၂၀၂၄ မှ ၃-၁-၂၀၃၄၊ ဗီဇာအမျိုးအစား B (စီးပွားရေးဗီဇာ)အမှတ် A-331766 နေခွင့်ကာလ ၁၉-၂-၂၀၂၄ မှ ၁၈-၂-၂၀၂၅ ထိ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ခဲ့ပြီး မန်းမြို့တော် ဟိုတယ်တွင် ၆-၃-၂၀၂၄ ရက်နေ့မှစတင်ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနသို့ နိုင်ငံခြားသားတည်းခိုနေထိုင်ခွင့် Form C ဖြင့် သတင်းပို့ကာ ရောက်ရှိ​ပြီး ဟိုတယ်ရှိ အခန်းအမှတ် ၈၀၆ တွင် တစ်ဦးတည်း တည်းခိုနေထိုင်ကြောင်း၊ ဟိုတယ်တွင် တည်းခိုနေထိုင်နေစဥ်အတွင်း ကျောက်အရောင်းအဝယ် လုပ်ငန်းပြုလုပ်သည်ဟု သိရှိရပြီး နေ့စဥ်ပုံမှန် အလုပ်ကိစ္စဖြင့် အပြင်သို့ သွားလာသည့် အလေ့အထရှိကြောင်း ဟော်တယ် မန်နေဂျာ နှင့် သန့်ရှင်းရေးဝန်ထမ်းတို့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဟိုတယ်တွင် ၁၅-၁၁-၂၀၂၄ ရက်နေ့အထိ Form C ဖြင့် ကာလရှည် တည်းခိုနေထိုင်သူ တရုတ်နိုင်ငံသား သေဆုံးသူပါ ၇၂ ဦး ရှိပြီး သေဆုံးသူ၏ အခန်းအတွင်းမှ (၁) တရုတ်စာဖြင့် ရေးသားထားသော တရုတ်မှတ်ပုံတင် ၁ ခု၊ (၂) DR 792614၊MDL တံဆိပ်ပါ လော့ခတ်ထားသည့် Box အိတ် ၁လုံး၊ (၃)KUL တံဆိပ်ပါ အဝတ် အစား ဘောက်အိတ် ၁ လုံး၊ (၄)Chang တံဆိပ်ပါ ဂျပ်ဖာပုံးအတွင်း ဆေးပစ္စည်းများပါ ၁ ဗူး၊ အဝါရောင် ဖော့ပုံးတွင် ငှက်သိုက်ဆေး ပစ္စည်းများထည့်ထားသည့် ပုံး ၁ ပုံး၊(၆)ကျောက်စိမ်းဟုယူဆရသော ဘော်ဖြင့်ကွပ်ထားသည့် လက်စွပ် ၇ ကွင်း၊(၇)ကျောက်စိမ်းဟုယူဆရ​သည့် နားကပ် ၁ ရံ၊ (၈) I phone အနက်ရောင် ဖုန်း ၁ လုံး၊ (၉) အလျား ၂ ပေ၊ ၃လက်မ၊ အနံ ၁ ပေ ၆ လက်မ၊ အမြင့် ၁ ပေခွဲရှိ အစိမ်းရောင် သော့ခတ်ထားသည့် သေတ္တာ ၁ လုံးတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သက်သေများနှင့်အတူ သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN