သားအမိလေးယောက် ပံ့သကူကောက်ရင်း မိခင်ဖြစ်သူ ကားတိုက်ခံရသဖြင့် သေဆုံး


(မှုခင်း) နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ၊ ၁၄ လမ်းဆုံ ပုလဲလမ်းပေါ် တွင် သားအမိလေးယောက် ပံ့သကူကောက်ရင်း အမေဖြစ်သူ ကားတိုက်ခံရကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီကျော်အချိန်က ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ ၄ ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက် ၄၀ နှစ်ခန့် ရှိ မိခင်ဖြစ်သူအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် မိခင်ဖြစ်သူမှာ ဦးခေါင်း၌ထိခိုက် ဒဏ်ရာစိုးရိမ်ရရရှိခဲ့သဖြင့် ကနောင်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ရာ ဆေးရုံရောက်ရှိချိန်တွင် ‌သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN