ရုရှားက SU-57 တိုက်လေယာဉ်ကို ကျူးဟိုင်လေကြောင်းပြပွဲ၌ ပြည်ပနိုင်ငံများသို့ ပထမဆုံးရောင်းချနိုင်


(နိုင်ငံတကာ) နိုဝင်ဘာ ၁၅

တရုတ်နိုင်ငံ၌ကျင်းပနေသော ကျူးဟိုင်လေ ကြောင်းပြပွဲတွင် ရုရှားနိုင်ငံက SU-57 နောက်ဆုံး ပေါ် တိုက်လေယာဉ်ကို ပြည်ပနိုင်ငံများသို့ ပထမဆုံးရောင်းချလိုက်နိုင်ကြောင်း သိရသည်။

ရုရှားနိုင်ငံမှ Rosoboronexport ကုမ္ပဏီက ပဥ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်သော SU-57 ကို ကျူးဟိုင် လေကြောင်းပြပွဲသို့ လာရောက်လေ့လာသော ပြည်ပနိုင်ငံများသို့ ရောင်းချလိုက်နိုင်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အလက်ဇန္ဒား မီခီယက် ကပြောသည်။

စစ်ဘက်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုစနစ်ကြောင့် စစ်လက်နက်ပစ္စည်းအသစ်များနှင့် စစ်သုံး ပစ္စည်းများမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး SU-57 အတွက် ပထမဆုံးသော ပြည်ပတင်ပို့ ရောင်းချမှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း မီခီယက် ကပြောထားသည်။

ထိုသို့ သဘောတူစာချုပ်များကို ချုပ်ဆိုနိုင်သော်လည်း SU-57 များကို ဝယ်ယူသွားသည့် နိုင်ငံများမှာ မည်သည့်နိုင်ငံများဖြစ်သည်ကိုမူ ကုမ္ပဏီက ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။

SU-57 တိုက်လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ကာ လေကြောင်းတိုက်ပွဲများသာမက မြေပြင်နှင့် ရေပြင်တိုက်ခိုက်မှုများအတွက်ပါ အလွန် အသုံးဝင်သော တိုက်လေယာဉ်တစ်စင်းဖြစ်သည်။

အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်ကို ဆူခွိုင်းကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN