(ပြည်တွင်း)နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ (၈)ခန်းတွဲ(၂)ထပ်ဆိုင်ခန်းငှားအ ဆောက်အဦတွင် ယမန်နေ့ညပိုင်အချိန်က ဖယောင်းတိုင် ဘုရားမီးပူဇော်ထားရာမှဘုရားစင်မှတဆင့်မီးကူးစက်ရာလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဟိုခိုကျေးရွာရှိ (၈)ခန်းတွဲ(၂)ထပ်ဆိုင်ခန်းငှားအ ဆောက်အဦတွင် ငှားရမ်းနေထိုင်သူ ဦးမြင့်ဦး သည် ဖယောင်းတိုင် ဘုရားမီးပူဇော်ထားရာမှဘုရားစင်မှတဆင့်မီးကူးစက်ရာမှ (၁၃x၂၆)ပေ၊ RC သံကူကွန်ကရစ်(၂)ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊မီးလောင်သည့် နေရာသို့ တာချီလိတ်မြို့နယ်မှ မီးသတ်ကား(၃)စီးသွားဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့်(၁၃x၂၆)ပေ၊ RC သံကူကွန်ကရစ်(၂)ထပ်တွင် အပေါ်ထပ် (၅)ခန်း၊ အဆောက်အဦမျက်နှာကြတ်နှင့် အတွင်း ပစ္စည်းများမီးလောင်ကျွမ်းခဲ့ကြောင်း၊လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပေါ့ဆမီးလောင်မှုကြောင့် ဦးမြင့်ဦး (ဆိုင်ခန်းငှား)အား တာချီလိတ်မြို့ဟောင်လိတ်နယ်မြေရဲစခန်းမှ(ပ-၁၆၉/၂၀၂၄)ပုဒ်မ(၂၈၅) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews