ပုလဲမြို့စုပေါင်းရုံးအား တိုက်ခိုက်နေသည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများစွာဖြင့် ထွက်ပြေး


(ပြည်တွင်း) နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပုလဲမြို့စုပေါင်းရုံးအား တိုက်ခိုက်နေသည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများစွာဖြင့် ယနေ့ဆုတ်ခွာသွားရကြောင်း သိရသည်။

ပုလဲမြို့တွင် တပ်မတော်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိကာ နယ်မြေရှင်းလင်း နေသ ဖြင့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် နေပြီး ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိလာပြီး ပုလဲမြို့ကို နယ်မြေရှင်းလင်းနေခြင်းကြောင့် စစ်သွေးကြွ ပုလဲနဂါးနှင့်အဖွဲ့သည် ပုလဲဆေးရုံအနီး ရွှေဥဒေါင်းရပ်ကွက်တွင် သေဆုံးသွားသည့် စစ်သွေးကြွ အလောင်းများကိုတင်ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။

ယင်းနောက် တပ်မတော်မှ နယ်မြေရှင်းလင်းနေခြင်းကြောင့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့သည် ပုလဲမြို့မှ ပြန်ဆုတ်ကာ အနောက်ဘက်ရှိ မြကုန်းကျေးရွာတွင် စုဝေးရောက်ရှိနေကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN