ညောင်ဦးမြို့နယ်တွင် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF များက သေနတ်သတ်ဖြတ်


(ပြည်တွင်း) နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာတွင် ယနေ့နံနက် ၈ နာရီ ၂၅ မိနစ်အချိန်ခန့်က လူတစ်ဦးသေနတ် ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် အပစ်ခံရမှုကြောင့် ဦးကျော်မိုး၊ ၆၇ နှစ်၊ (ဘ)ဦးခင်မောင်၊တောင်သူ၊ တောပြားကျေးရွာ၊ ညောင်ဦးမြို့နေသူ(သမဝါယမစာရေး-ငြိမ်း)အား ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေကြောင်း အခင်းဖြစ်နေရာအနီးမှ USA 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ ခု၊9-MM Luger NRC စာတမ်းပါ ကျည်ခွံ ၂ ခု၊Win 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ ခုတို့အား တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူသည် ၁၄-၁၁-၂၀၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF များရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN