(ပြည်တွင်း) နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာအုပ်စု၊ ဒွရွာကျေးရွာနေသူ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးအား ယမန်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြစ်သွားကြောင်း သိရသည်။
ဦသန်းအောင် သည် ၎င်း၏နေအိမ်စျေးဆိုင်၌ရှိနေစဥ် အကြမ်းဖက်သမား PDF ၇ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့် ၃ ချက်ခန့် ပတ်ခတ်သတ်ဖြတ် သွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးခေါင်း ၁ ချက်၊ ဝမ်းဗိုက်ကို ၂ ချက် ကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်မှုထမ်းကြေးငွေစုတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပြီး ပြည်ခရိုင် အကြမ်းဖက် ၃၆၀၁ PPDF တပ်ရင်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်ကိုလဲ တွေ့ရှိရသည်။
Telegram»…
https://t.me/positiveanglenews