(မှုခင်း) နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ဇီးအုပ်ရပ်ကွက်တွင် PDF အကြမ်း ဖက်အဖွဲ့နှင့် ဆက်သွယ်နေသူ ၁ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ဇီးကုန်းရပ်ကွက်တွင် ဦးမင်းနောင်၊ အသက် ၄၅ နှစ်၊ (ဘ)ဦးကြည်မောင်၊ စကျင်ကျေးရွာ၊ငါးဇွန်မြို့နယ်နေသူအား ၎င်းကိုင်ဆောင်သော ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းရာ ၎င်း၏ သားဖြစ်သူဟုပြောသော ဟိန်းကျော်အောင်၊ ၁၉ နှစ်သည် လွန်ခဲ့သော ၃ နှစ်ခန့်က အိမ်မှ တစ်ဦးတည်းထွက်ခွာသွားရာ အဆက် အသွယ်ပြတ်တောက်လျက်ရှိပြီး ယခုနှစ်စပိုင်းတွင် အဆက်သွယ်ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
၎င်းမှာ ငါးဇွန်မြို့နယ်၊ စကျင်ကျေးရွာအနီးရှိ ဗိုလ်လင်းယုန်၏ PDF အကြမ်းဖက်အဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်နေကြောင်း၊၂၀၂၄ ခုနှစ်၊ ၁၀ လပိုင်းတွင် သုံးစရာမရှိကြောင်း ဖုန်းဆက်ပြောကြားသဖြင့် ဖခင်ဖြစ်သူ ဦးမင်းနောင်မှ K Pay ဖြင့် ၅သိန်းကျပ်လွှဲပေးခဲ့ကြောင်း၊ ၁လလျှင် ၂/၃ ကြိမ်ခန့် ဖုန်းပြောလေ့ရှိကြောင်းသိရပြီး ၎င်းအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews