ညောင်လေးပင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအားပေးထောက်ခံသူ တောင်သူတစ်ဦးအား အကြမ်းဖက်အဖွဲ့မှလုပ်ကြံသတ်ဖြတ်


((ပြည်တွင်း) နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီအားပေးထောက်ခံသူ သာမာန်လယ်ယာစိုက်ပျိုးရေးနှင့်အသက်မွေးနေသော ပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့များမှ အုပ်စုဖွဲ့၍ပစ်ခတ်လုပ်ကြံခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၏ အရှေ့မြောက် (၁၀) မိုင်ခန့်အကွာ ပြွန်တန်ဆာမြို့၊ ဂျောင်းတာကျေးရွာအုပ်စု၊ ဂျောင်းတာကျေးရွာနှင့် ပလာချောင်းသစ် ကျေးရွာကြားရှိ ဦးတင်စိန်၊ ၅၉နှစ်၊ (ဘ)ဦးထွန်းဇံ၊ ရာအိမ်မှူး၊ကျောက်ပုံကျေးရွာ၊ ထင်းကုန်းကျေးရွာ အုပ်စု၊ ပြွန်တန်ဆာမြို့နေသူသည် သူပိုင်ဆိုင်သောလယ်ယာမြေအတွင်း၌ ပဲကြဲရန်အတွက်တစ်ဦးတည်း ညအိပ်နေထိုင်နေစဉ် PDF အကြမ်းဖက်အုပ်စုစိစစ်ဆဲအဖွဲ့မှ လက်နက်(စိစစ်ဆဲ)ဖြင့်(၈)ချက်ခန့်ဖြင့် အုပ်စုဖွဲ့ဝင်ရောက်၍ လုပ်ကြံ ပစ်ခတ်ခဲ့ရာ ဦးတင်စိန်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN