KTV မှ သောက်စားပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်ပွဲစားတစ်ချို့အား PDF များပစ်ခတ် ၇ ဦးသေဆုံး

(မှုခင်း) နိုဝင်ဘာ ၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့ မြို့အထွက်တွင် KTV မှပြန်လာသည့် ရဲတစ်ဦးနှင့် ပွဲစားတစ်ချို့အား PDF လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပသ်ခတ်ခဲ့သည့်အတွက် အနီးပတ်ဝန်းကျင်ရှိ စုစုပေါင်း ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ၂ ဦးမှာဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

မိုးညှင်းအိတ်ချိန်းရုံးရှေ့ ဆိုင်မှထွက်လာသော ရဲ နယ်ထိန်းတစ်ဦးနှင့် ကားပွဲစား ၄ ဦးတို့သည် မြို့ပြင် KTV သို့သွားရောက်ကာ စားသောက်နေစဉ် PDF လူငယ် ၆ ဦး ဆိုင်ကယ် ၃ စီးဖြင့်‌ရောက်ရှိလာပြိး သေနတ်များဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

PDF များ၏ ပစ်ခတ်မှုကြောင့် KTV အရှေ့၌ ခြံစည်းရိုးခတ်နေသည့် ပန်းရံ အဖွဲ့မှ ၃ ဦး၊ ရဲ နယ်ထိန်း ၁ ဦး၊ ကားပွဲစား ၂ ဦး၊ KTV ဆိုင်ဝန်ထမ်း ‌ ၁ ဦးတို့သေဆုံးပြီး ပန်းရံလုပ်သား ၁ ဦးနှင့် ကားပွဲစား ၁ ဦး တို့ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

#PAN