(မှုခင်း) နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် ယုံရှင်း စားသောက်ဆိုင်ရှေ့တွင် နိုဝင်ဘာ ၁၃ ရက်နေ့တွင် မနက် ၁၀ နာရီခန့်ကပစိး်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် တာချီလိတ်မြို့ အသက် ၂၀ အရွယ်ရှိသူ ပါလျှံ (၁)ရပ်ကွက်နေ (ဘ)ဦးမောင်ကို ၏သား ဟိန်းမြတ်သူ ဆိုသူသေဆုံးသွားခဲ့ကြောင်း သိရသည်။
သေနတ်ဒါဏ်ရာဖြင့်သေဆုံးခဲ့သူအား ရန်အောင်မြေရပ်ကွက်တွင်ထားရှိရန် မေတ္တာရှင်အသင်းမှသယ်ဆောင်သွားမှာဖြစ်ကြောင်းသိရသည်။
ယင်းပစ်ခတ်မှုသည် ဖုန်းဆိုင်တစ်ဆိုင်အား ဓားပြဝင်တိုက်ရာမှဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ပစ်ခတ်သူအား ဖမ်းဆီးရမိရေး ဆောင်ရ်ခက်နေကြောင်း သိရသည်။