(ပြည်တွင်း) နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်အမှတ်(၄၀)ရှိ မန္တလေးဗဟို အကျဉ်းထောင် ၌အကျဥ်းကျခံနေသူ NLD အစိုးရလက်ထက် ဒုဝန်ကြီးတစ်ဦးအား ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က မန္တလေးအထွေထွေအထူးကုဆေးရုံံသို့ ဆေးကုသမှုခံယူရန် အကျဥ်းဦးစီးတာဝန်ရှိသူများမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၏ ရာဇဝတ်ကြီးမှုအမှတ်၊၂၀/၂၁/ ၂၀၂၂၊ အဂတိ-၅၅ အရ ပြစ်ဒဏ် ၂၀ နှစ် ကျခံလျက်ရှိသည့် အကျဥ်းသားထောင်ဝင်အမှတ်၊ မတလ/၂၂/၀၅၆၁၇/က၊ ဘိုဘိုငယ်၊ ၅၅ နှစ်၊ (ဘ)ဦးဘိုစိန်၊ အမှတ်(ဘီ-၂၄)၊ဒုတိယဝန်ကြီးအိမ်ရာ၊ နေပြည်တော်သည် အစာအိမ် အူလမ်းကြောင်းရောင်ရမ်းခြင်းရောဂါ ကုသရန်အတွက် အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလျက် အကျဥ်းဦးစီးဌာနပိုင် မော်တော်ယာဥ်အမှတ်၊ MDY-16၊5R/6290 အဖြူရောင် လူနာတင်ယာဥ်ဖြင့် ချမ်းအေးသာစံမြို့နယ်၊ဟေမာဇလရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊၇၄×၇၇ လမ်းကြားရှိ မန္တလေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ၃ ထပ်ဆောင်၊တတိယထပ်ရှိ ကျောက်ကပ်နှင့်ဆီးလမ်း ကြောင်းဌာနတွင် ကျောက်ကပ်နှင့်ခွဲစိတ် အထူးကုဆရာဝန်ကြီးမှ လိုအပ်သော ဆေးဝါများ ကုသပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ဆေးကုသမှုခံပြီး အကျဥ်းသား ဘိုဘိုငယ်အား မန္တလေးဗဟိုအကျဥ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews