၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့


(ပြည်တွင်း) နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခုနစ်လတာကာလ အတွင်း ပုစွန်မက်ထရစ်တန်ချိန် ၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ခုနစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၃,၇၂၈ ဒသမ ၉၆၂ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ဝ၅၈ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၇၈၀ ဒသမ ၄၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၄ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်း ပုစွန်မက်ထရစ်တန်ချိန် ၄,၅၀၉ ဒသမ ၃၇၂ တန်တင်ပို့နိုင်ခဲ့ပြီး မေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၀၂ သန်းရရှိထားပါတယ်။

ပြည်တွင်းမှ ပုစွန်အပါအဝင် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN