(ပြည်တွင်း) နိုဝင်ဘာ ၁၂
ပြည်ပကုန်သည်များ ပဲပုပ်ဝယ်ယူမှု များပြားနေခြင်းကြောင့် မန္တလေးဈေးကွက်တွင် ယခုလ ပထမပတ်မှ စတင်ပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိနေတယ်လို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည် ဒိုင်)မှ သိရပါတယ်။ ပြည်တွင်းမှထွက်ရှိတဲ့ ပဲပုပ်(ဗမာ)များကို ယခုလက်ရှိမှာ ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဘက်က ပြန်လည်ဝယ်ယူမှု များပြားလျက်ရှိခြင်းတို့ကြောင့် ပြည်တွင်း၌ ပဲပုပ်(ဗမာ)များ အရောင်းအဝယ်ကောင်းမွန်နေခြင်း ဖြစ်ပါ တယ်။
မန္တလေးဈေးကွက်တွင် လက်ရှိပေါက်ဈေးအရ ပဲပုပ်(ဗမာ)ဈေးနှုန်းမှာ ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၄၅,၀၀၀ အထိ ဈေးရရှိနေပြီး အရောင်းအဝယ်ကောင်းမွန်နေပါတယ်။
အဆိုပါ ပဲပုပ်(ဗမာ)ကို ပြည်တွင်း၌ စားသုံးမှုများပြားသလို ပြည်ပနိုင်ငံအနေနဲ့လည်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားလျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews