(ပြည်တွင်း) နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ကူတောကျေးရွာ၌ ယနေမွန်းတည့် ၁၂ နာရီကျော်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှုးအား အကြမ်းဖက် PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်သတ်မှုကြောင့် ကူတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ ၅၃ နှစ်၊ (ဘ)ဦးမာ၊ ကူတောကျေးရွာ၊ ကူတောကျေးရွာအုပ်စု၊ ငါ့သရောက်မြို့နေသူသည် ၎င်း၏ နေအိမ်ရှေ့အဖီတဲတွင် ဝဲ-ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းငယ်ထိပ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကူတောကျေးရွာ အုပ်ချုပ်ရေးမှူးဦးဇော်လွင်ဦးသည် မွန်းတည့် ၁၂ နာရီအချိန်က နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် ကူတောကျေးရွာအရှေ့ဘက်၊ ကြို့ပင်သာကျေးရွာဘက်မှ ရောက်ရှိလာပြီး သေနတ်အတိုဖြင့် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒဏ်ရာများရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ ၉-မမ ကျည်ခွံ ၂ ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ည ၇ နာရီခွဲ အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဒေါင်းလည်ကျေးရွာအတွင်းသို့ အကြမ်းဖက် PDF များဝင်ရောက်လာပြီး သေနတ်များ ပစ်ဖောက်ကာ ကျေးရွာအတွင်းနေ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်စိုး၊ ၅၀ နှစ်၊(ဘ)ဦးမြတ်ကျော်(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးဥက္ကဌ)အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့်တပ်မတော်စစ်ကြောင်းမှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews