(ပြည်တွင်း)နိုဝင်ဘာ ၁၀
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄၂၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၈၉ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁,၃၆၂,၆၃၀ တန်တင်ပို့ထားခဲ့ရာ အမေရိကန် ဒေါ်လာ ၆၄၇ သန်းရရှိထားတာဖြစ်ပါတယ်။ မြန်မာ့ဆန်ကို အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံးတင်ပို့ထားပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံးတင်ပို့ထားကြောင်း သိရပါတယ်။
ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေ ဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလတွင် ၁၁၁,၈၆၂ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလတွင် ၇၁,၂၇၉ ဒသမ ၅ မက် ထရစ်တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် ၁၆၂,၃၂၅ ဒသမ ၇၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ၁၆၅,၄၄၄ ဒသမ ၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်း၊ ဩဂုတ်လတွင် ၂၀၇,၃၆၉ ဒသမ ၉ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၇ သန်း၊ စက်တင်ဘာလတွင် ၂၁၉,၅၆၅ ဒသမ ၁၃ မက်ထရစ် တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၄ သန်း၊ အောက်တိုဘာလတွင် ၄၂၄,၇၈၄ ဒသမ ၂၇ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိထားတာ ဖြစ်ပါတယ်။
#PAN