ဒုတိယကမ္ဘာစစ်တွင်ကျဆုံးခဲ့သည့် ဓနသဟာရနိုင်ငံများမှ စစ်သည်များအား အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်


(ပြည်တွင်း) နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမဘေးရှိ ဓနသဟာရစစ်သချိုင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က နှစ်စဥ်ကျင်းပ လျက်ရှိသော ဒုတိယကမ္ဘာစစ်တွင်ကျဆုံးခဲ့သည့် ဓနသဟာရနိုင်ငံများမှ စစ်သည်များအား အောက်မေ့ဖွယ် အခမ်း အနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားသို့ ဗြိတိန်သံရုံးမှ ယာယီတာဝန်ခံ MR.Ken O Flaherty မှဦးဆောင်၍ ဩစတြေးလျသံရုံးမှ တာဝန်ခံ MRS Angela Corcoran ပါ ဘရူနိုင်း၊ ဘရာဇီး၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဖင်လန်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ နီပေါ၊ နယ်သာလန်၊ နယူးဇီလန်၊ စပိန်၊ မလေး၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ သိရိလင်္ကာ၊ ဆွီဒင်၊ ဆွတ်ဇလန် သံရုံးများပါ စစ်သံမှူးများ၊ သံတမန်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဗြိတိန်သံရုံးမှ ယာယီတာဝန်ခံ MR.Ken O Flaherty မှ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားသည့် စစ်သည်များနှင့်ပတ်သတ်၍ အောက်မေ့ဘွယ်အခမ်းအနားနှင့် ပတ်သတ်၍မိန့်ခွန်း‌ပြောကြားခြင်း၊ ငြိမ်သတ်အလေးပြုခြင်း၊ ပန်းခွေချအလေးပြုပြီး၊ ဆုတောင်းမေတ္တာပို့သခြင်း ပြုလုပ်ပြီး နံက် ၁၀နာရီအချိန်တွင်ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN