ဒီယာလို ကို လစာသုံးဆတိုး၍ ငါးနှစ်သက်တမ်းတိုးရန် မန်ယူအသင်းကြိုးပမ်း

(အားကစား)နိုဝင်ဘာ ၁၀

      မန်ယူအသင်းက အသင်းတွင် ခြေစွမ်းပြသနေတဲ့ တောင်ပံကစားသမား အာမက်ဒီယာလို ကို ယခုနှစ်ဘောလုံးရာသီမကုန်မီ လုပ်ခလစာသုံးဆတိုး၍ ငါးနှစ်သက်တမ်းတိုးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

      တောင်ပံကစားသမား ဒီယာလို နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀ သာ ရရှိနေပြီး စာချုပ်သစ်တွင် တပတ်လုပ်ခ ပေါင် ၉၀၀၀၀ အထိ ရရှိမှာဖြစ်ပြီး လာမည့် ၂၀၂၉ ခုနှစ်ထိ စာချုပ်သစ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

      အသက် ၂၂ နှစ်အရွယ် ဒီယာလို အနေနဲ့ ၂၀၂၁ ခုနှစ်တွင် အတ္တလန်တာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိခဲ့ပြီး ရိန်းဂျားအသင်း၊ ဆန်းဒါးလန်းအသင်းတို့တွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရကာ အသင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

      ယခုနှစ် ပြိုင်ပွဲစုံ ၁၅ ပွဲတွင်သွင်းဂိုး သုံးဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ယူရို ပါလိဂ်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့လို့ အသင်းတာဝန်ရှိသူများက သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

#PAN