(နိုင်ငံတကာ) နိုဝင်ဘာ ၁၀
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် က နိုင်ငံခြားရေးမူဝါဒချမှတ်မှုတွင် ပြောင်းလဲမှုကြီးကြီးမားမား လုပ်ဆောင်မည်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။
အထူးသဖြင့် ယူကရိန်းနှင့်ပတ်သက်၍ မူဝါဒများကို ပြောင်းလဲသွားဖွယ်ရှိကြောင်း၊ ထရမ့် နှင့် ယူကရိန်း သမ္မတ ဇီလန်စကီးတို့က တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုပြုလုပ်ကြောင်းနှင့် ထိုသို့ဆက်သွယ်မှုတွင် အီလွန်မက်လည်း ပါဝင်ဆွေးနွေးကြောင်း ထရမ့်အုပ်ချုပ်မှုအဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက Bloomberg သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ထရမ့် အနေဖြင့် သမ္မတလောင်းဖြစ်လာပြီးနောက် ယူကရိန်းဘက်က ရပ်တည်ချက်များပြောင်းလဲလာပြီး ညှိနှိုင်းဆွေးနွေးမှုကို လက်ခံလိုသည့်သဘောပြသလာကြောင်း ယူရေးရှားစင်တာမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။
ဒေါ်နယ်ထရမ့် သည် ၎င်းသာသမ္မတဖြစ်လာပါက ယူကရိန်းပဋိပက္ခကို ၂၄ နာရီအတွင်း ဖြေရှင်းပေးမည်ဟု ကတိပြုထားသူဖြစ်သည်။
#PAN