(ပြည်တွင်း)နိုဝင်ဘာ ၁၀
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတော်ရက်ကို ပြောင်းလဲ၍ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် ပွဲတော်နှင့် ရိုးရာမီးပုံး ပျံပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားရာမှ ရာသီဥတုအခြေအနေအရ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ အဝေ ရာ မီးပုံးပျံကွင်းတွင် ပြောင်းလဲကျင်းပသွားရန် အသိပေးထုတ်ပြန် ထားခြင်းဖြစ်ပါတယ်။
ရာသီဥတုအပြောင်းအလဲနှင့် မိုးရွာသွန်းမှုကြောင့် အခုလိုရွှေ့ပြောင်းလိုက်ရခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောပြထားပါတယ်။ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်မှာ စတင်၍ ပြန်လည်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသလို ပြည်ပခရီးသွားများပါ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလေ့ရှိတဲ့ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။
#PAN