(မှုခင်း) နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၇) ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ရှိ “Cheri Land River House” ဟိုတယ်တွင် နိုဝင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဟိုတယ်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် တည်းခိုသူ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် “Cheri Land River House” ဟိုတယ်တွင် လာရောက်တည်းခိုနေသည့် မောင်ရဲထက်နိူင်ပါ ၇ ဦးအဖွဲ့က ဟိုတယ်ဝင်းအတွင်း ၎င်းတို့တွင်ပါလာသည့် Bluetooth Box ဖြင့် သီချင်းဖွင့်သည့်ကိစ္စဖြင့် ဟိုတယ်ဝန်ထမ်းများနှင့် စကားများခဲ့ကြောင်း၊ ထိုသို့ စကားများပြီး မောင်ဝေယံထွန်းနှင့် အဖွဲ့မှ မြစ်ကမ်းဘေးသို့သွား၍ Bluetooth Box ဖွင့်ကာ သီချင်းသီဆိုပြီး တည်းခိုရာအခန်းသို့ အပြန်တွင် ဟိုတယ်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း သိရသည်။
ဟိုတယ်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် မောင်ရဲထက်နိူင်မှာ ဦးခေါင်းခွံကွဲကြေ၊ ယာဘက်ခြေထောက်ကျိုးဒဏ်ရာ၊ မောင်ထက်လွင်အောင်တွင် ဦးခေါင်းကွဲ၊ မျက်ခုံးကွဲ ဒဏ်ရာ၊ မောင်ဝေယံထွန်းတွင် ဦးခေါင်းကွဲ၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာ၊ မောင်မင်းခန့်ဟိန်းတွင် ဦးခေါင်းကွဲ၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကာ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ တင်ပို့ကုသစဥ် မောင်ရဲထက်နိူင်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားရကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews